Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တပ်ကုန်းမြို့နယ် ကန့်နီကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


14 Mar,2024

တပ်ကုန်းမြို့နယ် ကန့်နီကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

နေပြည်တော် မတ် ၁၄

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တပ်ကုန်းမြို့နယ်အတွင်းရှိ သဖန်းချောင်းကျေးရွာအုပ်စု၊ ကန့်နီကျေးရွာ၌ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလင်း၊ တပ်ကုန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ရွှေနှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီမှတာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့်အတူ ကန့်နီကျေးရွာ၌ နေပြည်တော်ကောင်စီရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

ကန့်နီကျေးရွာ ကျေးလက်ရေရရှိရေး အကျယ်လေးလက်မ အနက်ပေ ၄၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို နေပြည်တော်ကောင်စီခွင့်ပြုရန်ပုံငွေကျပ် ၂၀ ဒသမ ၅၄၆ သန်းဖြင့် တင်ဒါအောင်မြင်သည့် Y2T ကုမ္ပဏီက ဇွန်လ စတုတ္ထအပတ်က  စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ  ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ ကျေးလက်ရေရရှိရေးလုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၂၈၁ အိမ်၊ လူဦးရေ ၁၀၂၇ ဦးတို့ အတွက် ရာသီမရွေး သောက်သုံးရေ အခက်အခဲများ အဆင်ပြေသွားပြီဖြစ်ကြောင်း သိရသည်။

သူသူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်