သံတွဲ မတ် ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး(မြို့ပြ)ဦးဝင်းမြင့်ဟန်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က သံတွဲမြို့နယ်အတွင်းရှိ ကျေးလက်လမ်း/တံတားတည်ဆောက်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၀၀ ဒသမ ၅၅၆ သန်းဖြင့် Rakan World ကုမ္ပဏီက ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်သော ဘိုကလေး- လှေကြီးချိုင် ကျေးရွာချင်းဆက်လမ်း အရှည်မီတာ ၁၂၀၀၊ အကျယ် ၃ ဒသမ ၆၆ မီတာ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၈၉ ဒသမ ၉၈ သန်းဖြင့် သံတွဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မောင်ရွှေလေး-ကျေးရွာချင်းလမ်း အရှည် ၇၃၂ မီတာ၊ အကျယ် ၃ ဒသမ ၆၆ မီတာ ကွန်ကရစ်ခင်း၍ အမာခံ လမ်းပခုံးခင်းကြိတ်ခြင်းလုပ်ငန်း ၁၀ဝ ရာခိုင်နှုန်း ပြီးစီးနေမှုနှင့် အဆိုပါလမ်းပေါ်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၄၂ ဒသမ ၅ သန်းဖြင့် သံတွဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အရှည် ၁ ဒသမ ၅၂ မီတာ သံကူကွန်ကရစ်တံတား ငါးစင်း တည်ဆောက်ခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်