နေပြည်တော်၊ မတ် ၁၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ရုံးချုပ်အပါအဝင် ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံနှင့် တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ( ဧပြီလမှ မတ်လအထိ) အသက်မွေးဝမ်းကျောင်းပညာကာလတို သင်တန်းပေါင်း ၅၉၆ ကြိမ်ဖွင့်လှစ်ပေးနိုင်ရန် လျာထားပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ၅၃၈ ကြိမ် ဖွင့်လှစ်သင်ကြားပေးပြီးဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၉၀ ရာခိုင်နှုန်း အထိ သင်ကြားပေးပြီးဖြစ်သည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်းများမှာ-
၁။ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း
၂။ လူသုံးကုန်နှင့်အလှကုန်ထုတ်လုပ်နည်းသင်တန်း
၃။ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း
၄။ အခြေခံဒီဇယ်တစ်လုံးထိုးအင်ဂျင်ပြုပြင်နည်းသင်တန်း
၅။ အခြေခံ အိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်း
၆။ အခြေခံသံဂဟေဆက်သင်တန်း
၇။ ဝါးလက်မှုထည် ထုတ်လုပ်နည်းသင်တန်း
၈။ သဘာဝဆိုးဆေးသင်တန်း
၉။ ဓါတုဆိုးဆေးသင်တန်း
၁၀။ စက်ရက်ကန်းစက်ပြင်/ စက်မောင်းသင်တန်း
၁၁။ လက်ရက်ကန်းဖဲနှတ်ကောက်သင်တန်း
၁၂။ တိုင်းရင်းသားရိုးရာဂျပ်ခုတ်သင်တန်း
၁၃။ စာစည်းကြိုးရက်လုပ်နည်းသင်တန်း
၁၄။ အခြေခံစက်ချုပ်နည်းပညာသင်တန်း
၁၅။ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်း
၁၆။ အနက်ထည်ယွန်းနည်းပညာသင်တန်း
၁၇။ သားရိုးပန်းကြွယွန်းနည်းပညာ သင်တန်း
၁၈။ ကညစ်ယွန်းနည်းပညာသင်တန်း
၁၉။ ဂျပန်ယွန်းနည်းပညာသင်တန်း
၂၀။ ရွှေဇဝါယွန်းနည်းပညာ သင်တန်း
၂၁။ လူသုံးကုန်ယွန်းထည်ပစ္စည်းထုတ်လုပ်မှုသင်တန်းတို့ ဖြစ်သည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် လုပ်ငန်းများ လုပ်ကိုင်လာနိုင်ပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများတွင်ကျယ်လာစေရန်အတွက် အသက်မွေးဝမ်းကျောင်းပညာကာလတို သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျပေါ်ထွန်းလာ စေရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေအရ အသေးစားစက်မှုလက်မှု လုပ်ငန်းများအား မှတ်ပုံတင်ပေးခြင်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာ စေရန်ဆောင်ရွက်ပေးခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများအား နည်းပညာအကူအညီ ပေးခြင်း များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်