မချမ်းဘော မတ် ၁၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့် ရပ်ကွက်ကျေးရွာကော်မတီများထံသို့ ဒုတိယ စက်ဝန်းရန်ပုံငွေမတည်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ဂူဘားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးအတွက် မတည်ရန်ပုံငွေကျပ်သိန်း (၄၀၀)ကို မြို့ပေါ်ရပ်ကွက်ကျေးရွာစီမံကိန်းကော်မတီအဖွဲ့ထံသို့လည်းကောင်း၊ မြို့နယ်သမဝါယမ ဦးစီးဌာနမှ မွေးမြူရေးအတွက် မတည်ရန်ပုံငွေကျပ်သိန်း (မတည်ရန်ပုံငွေကျပ်သိန်း ၁၅၀)ကို မြို့ပေါ်ရပ်ကွက် ကျေးရွာစီမံကိန်းကော်မတီအဖွဲ့ထံသို့ တာဝန်ရှိသူများက အသီးသီးလွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံစီးပွားမြှင့်တင် မတည်ထောက်ပံ့ရန်ပုံငွေဖြင့် မြို့ပေါ် ၄ ရပ်ကွက်ရှိ တောင်သူ ၈၅ ဦးတို့က နှစ်ရှည်သီးပင်များဖြစ်သည့် ရှောက်ကော၊ အလေချီ၊ ဂရိတ်ဖရုနှင့် စပါး၊ အာလူးသီးနှံ များကိုလည်းကောင်း၊ မွေးမြူရေးမတည်ရန်ပုံငွေဖြင့် ဆွတ်အောင်မွေးမြူရေးအထွေထွေလုပ်ငန်း သမဝါယမအသင်းသား ၉ ဦးတို့က ကြက်မွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်