Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မာန်အောင်မြို့နယ်သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်


14 Jul,2022

မာန်အောင်၊ ဇူလိုင် ၁၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်အဖွဲ့နှင့် အခြေခံသမဝါယမအသင်း (၄၇) သင်းမှ အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်ပြီး အစည်းအဝေးတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုမှ ဦးရွှေအေးက ဆောင်ရွက်ခဲ့သည်။ ထို့နောက် ပြည်နယ်အဆင့်ဖွဲ့စည်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်သမဝါယမအသင်းစုချုပ်မှ အုပ်ချုပ်မှုဒါရိုက်တာနှင့် မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီ ဥက္ကဋ္ဌတို့မှ အမှာစကားပြောကြားခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးအစီရင်ခံစာကို အတွင်းရေးမှူး ဦးထွန်းစိန်ကလည်း ကောင်း၊ အသင်းသားစာရင်းစစ် အစီရင်ခံစာကို ဦးကျော်ရင်ဦးတို့က အသီးသီးဖတ်ကြားခဲ့သည်။ ယင်းအစီရင်ခံစာများနှင့် ရှေ့လုပ်ငန်းစဉ်များကို တက်ရောက်လာကြသော ကိုယ်စားလှယ်များ၏ အတည်ပြုချက်ရယူပြီး ဆုံးဖြတ်ချက်ရယူကာ သက်တမ်းပြည့်ပြီးဖြစ်သော အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်ခဲ့ကြသည်။

ဆက်လက်၍ အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားတွင် သဘာပတိအဖြစ် ပြည်နယ်အဆင့်ဖွဲ့စည်းရေးကော်မတီ ဥက္ကဋ္ဌက ဆောင်ရွက်ပြီး ပြည်နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့်ကျင်းပခဲ့ရာ သဘာပတိက အမှုဆောင်အဖွဲ့ရွေးချယ်ခြင်းကို ရှင်းလင်းပြီး အမှုဆောင်အဖွဲ့ကို အဆိုပြုခြင်းထောက်ခံခြင်းများဖြင့် ရွေးချယ်ဆောင်ရွက်ခဲ့သည်။ အမှုဆောင်အဖွဲ့သစ်များသည် ပြည်နယ်အဆင့်ဖွဲ့စည်းရေးကော်မတီ ဥက္ကဋ္ဌ ရှေ့မှောက်တွင် ကတိသစ္စာခံယူပြီးနောက် ဥက္ကဋ္ဌသစ်မှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm