မော်လမြိုင် မတ် ၁၄
အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း) ဒုတိယအကြိမ်ဖွင့်ပွဲအခမ်းအနားကို သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)တွင် မတ်၁၃ရက်က ကျင်းပရာ မွန်ပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ် ချက်နှင့် သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးဌာနဝန်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် ယခုလို သင်တန်းများ ဖွင့်လှစ်ပြီး စွမ်းဆောင်ရည်မြှင့်တင်ပေးရမှာ ဖြစ်ကြောင်း Virtual သင်တန်းဖြစ်၍ အခက်အခဲရှိနိုင်မှာဖြစ်သော်လည်း အာရုံစူးစိုက်လေ့လာ သင်ကြားရန် အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းကို သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)တွင် ဒုတိယအကြိမ်အဖြစ် မတ်လ ၁၃ မှ ၂၆ ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အတွင်းရှိ သမဝါယမဦးစီးဌာနအဆင့်ဆင့်တို့မှ အမှုထမ်းဝန်ထမ်း(၄၀)ဦးအား Virtual System ဖြင့် အခြေခံစာရင်းရေးစာရင်းကိုင်ပညာ၊ သမဝါယမ စာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်းဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း သိရ သည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်