Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းတုန်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများရာနှုန်းပြည့် ပြီးစီး


14 Mar,2024

မင်းတုန်း       မတ်       ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ မင်းတုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေး နှစ်တွင် ကျေးရွာ ၄ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်း၊ ရေသန့်စင်စနစ်ဆောင်ရွက်ခြင်းနှင့် ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

မင်းတုန်းမြို့နယ်အတွင်းရှိ တံတား(ရှေ့) ကျေးရွာ၊ ဒေါင့်တိုက်ကျေးရွာ၊ ဒလယ်ပြင်ကျေးရွာနှင့် မြှုံးကြီးကျေးရွာတို့၌ တစ်ရွာလျှင် VDP စီမံကိန်းထောက်ပံ့ငွေကျပ် ၁၅ သန်းစီနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ ဘက်စုံသုံးခန်းမတည်ဆောင်ခြင်းနှင့် ရေသန့်စင်စနစ်ဆောက်ရွက်ခြင်းလုပ်ငန်းများကို ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မင်းတုန်းမြို့နယ်‌‌ကျေးလက်ဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ ကျေးရွာသူကျေးရွာသားများ၏ပူးပေါင်းပါဝင်မှု၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ၏ စီမံခန့်ခွဲမှုတို့ဖြင့် ၂၀၂၃ခုနှစ် စက်တင်ဘာလ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက် အဆိုပါကျေးရွာ ၄ ရွာရှိ အိမ်‌ခြေ ၂၆၅ အိမ်၊ လူ ၉၀၇ ဦး၏ စီးပွာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများဆောင်ရွင်ရာ၌ များစွာအထောက်အကူပြုကြောင်း မင်းတုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်