နေပြည်တော်၊ မတ် ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အသေးစားစက်မှုလက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်အတွက် စနစ်တကျ မှတ်ပုံတင်ခြင်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လ)အတွင်း နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် မှတ်ပုံတင်လုပ်ငန်း ၂၈၉၀ ခု ဆောင်ရွက်ရန်လျာထားပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဖေဖော်ဝါရီ လကုန်အထိ မှတ်ပုံတင်လုပ်ငန်း ၂၈၁၁ ခု ကို ဆောင်ရွက်ပြီး ဖြစ်ရာ ၉၇ % ပြီးစီးပြီးဖြစ်သည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေး ဥပဒေတွင် မိသားဝင်များဖြင့်သော်လည်းကောင်း၊ အလုပ်သမားငှားရမ်း အသုံးပြု၍သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း၊ ကုန်ပစ္စည်းထုတ်လုပ်သည့် သို့မဟုတ် ပြုပြင်မွမ်းမံသည့် မြင်းကောင်ရေ ၀.၂၅ နှင့်အထက်၊ ၅ ကောင်အားနှင့်အောက် အသုံးပြုသည့် အလုပ်သမား ၉ ဦး ထက်မပိုသော အိမ်တွင်းစက်မှုလုပ်ငန်းနှင့် အလုပ်သမား ၃ ဦးနှင့် အထက်ရှိသော အိမ်တွင်းလက်မှုလုပ်ငန်းများဖြစ်သည်ဟု ဖော်ပြထားရှိပြီး မှတ်ပုံတင်ရမည့်သူများသည် ဥပဒေပုဒ်မ ၄ အရ အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်လိုသူသည် မှတ်ပုံတင်လိုလျှင် ဦးစီးဌာနက သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ လျှောက်ထားရမည်ဟု ပြဌာန်းပါရှိသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ပေးသော လုပ်ငန်းအမျိုးအစားများမှာ စားသောက်ရေးဆိုင်ရာလုပ်ငန်းများ၊ ဝတ်ဆင်ရေးဆိုင်ရာလုပ်ငန်းများ၊ နေထိုင်ရေးဆိုင်ရာလုပ်ငန်းများ (အိမ်ဆောက်ကုန်များ)၊ လူသုံးပစ္စည်းလုပ်ငန်းများ၊ အိမ်သုံးကုန်များ၊ စာပေအနုပညာဆိုင်ရာလုပ်ငန်း များ(ပုံနှိပ်ထုပ်ပိုးလုပ်ငန်းများ)၊ ကုန်ကြမ်းပစ္စည်းလုပ်ငန်းများ၊ ဓါတ်သတ္တုလုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ စက်မှုလက်မှုသုံးကိရိယာလုပ်ငန်းများ(စက်မှုအလုပ်ရုံလုပ်ငန်းများ)၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်းလုပ်ငန်းများနှင့် အထွေထွေအသေးစားစက်မှုလက်မှုလုပ်ငန်းများတို့ ဖြစ်ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်