Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်လေးပင်မြို့နယ် အေးရွာကျေးရွာ ကျေးလက်ကုန်ထုတ်ချောင်းကူးတံတားတည်ဆောက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


13 Mar,2024

ညောင်လေးပင် မတ် ၁၃
 
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေကျပ် ၈၇ ဒသမ ၀၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ညောင်လေးပင်မြို့နယ်၊ အေးရွာကျေးရွာ ကျေးလက်ကုန်ထုတ် ချောင်းကူးတံတားတည်ဆောက်နေပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ညောင်လေးပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီး၊ ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့် တာဝန်ခံ အင်ဂျင်နီယာဝန်ထမ်းများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်း ကော်မတီဝင်များနှင့်အတူ အေးရွာကျေးရွာ ကျေးလက်ကုန်ထုတ်ချောင်းကူးတံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လိုအပ်သည်များဖြည့်စွက်မှာကြားပါသည်။
 
အေးရွာကျေးရွာ ကျေးလက်ကုန်ထုတ် ချောင်းကူးတံတား အရှည် ၆‌၀ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၂ ပေ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၈၇ ဒသမ ၀၃ သန်းဖြင့် တင်ဒါအောင်မြင် သည့် Trust Partner ကုမ္ပဏီ စက်တင်ဘာလမှ ပထမအပတ်မှ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
 
အဆိုပါ ကျေးလက်ကုန်ထုတ်‌ချောင်းကူးတံတား တည်ဆောက်နိုင်မှုကြောင့်က  ကျေးရွာရှိ အိမ်ခြေ ၃၈‌၄ အိမ်၊ လူဦးရေ ၁၇‌၇၅ ဦး တို့၏ စိုက်ပျိုးမြေဧက ၁၀၀ ကျော်ကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm