လားရှိုး မတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ် ခါးသျှိ-နမ့်အွန် ကျေးရွာအဝင်လမ်း၌ ကျောက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို မတ် ၁၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း မူလရန်ပုံငွေကျပ် ၁၄၀ ဒသမ ၆၅၄ သန်းဖြင့် လားရှိုးမြို့နယ် ခါးသျှိ-နမ့်အွန် ကျေးရွာအဝင်လမ်း ကျောက်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းပြသရာ ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
လားရှိုးမြို့နယ် ခါးသျှိ-နမ့်အွန် ကျေးရွာအဝင်လမ်း အရှည် ခြောက်ဖာလုံ၊ အကျယ် ၁၆ ပေ၊ အမြင့်ကိုလက်မရှိ ကျောက်လမ်းခင်းခြင်းလုပ်ငန်းကို လားရှိုးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကြီးကြပ်၍ Shan Queen ကုမ္ပဏီက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါကျောက်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုကြောင့် ကျေးရွာ နှစ်ရွာမှ လူဦးရေ ၃ဝဝဝ ခန့်၏ သာရေး ၊နာရေးကိစ္စများအတွက် အဆင်ပြေ ချောမွေ့စွာ သွားလာအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ကျော်ဇောဦး(မောရှမ်းမြေ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်