ကလော မတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ဘော်နင်းရွာသစ်- နတ်တော်မြင်းတွင်း-ဝါးကြီးမြောင် ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း
သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်၊ တောင်ကြီးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)ဦးဟန်ကိုကိုစိုး၊ ကလောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးနောင်နောင်နှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများက ဘော်နင်းရွာသစ်-နတ်တော်မြင်းတွင်း-ဝါးကြီးမြောင် ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးမင်းသန့်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဘော်နင်းရွာသစ်-နတ်တော်မြင်းတွင်း-ဝါးကြီးမြောင်ကျေးရွာချင်းဆက်လမ်း အပိုင်း(၁) အရှည်လေးမိုင် ကတ္တရာခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စု ငွေလုံးငွေရင်း မူလခွင့်ပြုရန်ပုံငွေကျပ် ၁၂၃ ဒသမ ၁၅၆ သန်းဖြင့် ရွှေလက်တွဲ ကုမ္ပဏီကလည်းကောင်း၊ ကျေးရွာချင်းဆက်လမ်း အပိုင်း(၂) အရှည်လေးမိုင် ကတ္တရာခင်းခြင်း လုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ်၁၂၃ ဒသမ ၁၅၆ သန်းဖြင့် Htut Brother ကုမ္ပဏီကလည်းကောင်း၂၀၂၃ ခုနှစ် ဇူလိုင်လ ဒုတိယပတ်မှစတင်၍ လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း၊ အဆိုပါ ကတ္တရာလမ်းဖောက်လုပ်ပြီးစီးမှုကြောင့် ကျေးရွာလေးရွာရှိအိမ်ခြေ ၂၄၃ အိမ်၊ လူဦးရေ ၁၁၆၀ ၏ စိုက်ပျိုးမြေများမှ ထွက်ကုန်များဈေးကွက်သို့ လျင်မြန်စွာသယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်စိုး(မလှိုင်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်