Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မအူပင်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲ ကျင်းပ


12 Mar,2024

မအူပင် မတ် ၁၂

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)  မြို့နယ်အဆင့်သုံးသပ် ဆွေးနွေးပွဲအခမ်းအနားကို မတ်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းက မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်နိုင်နှင့် မအူပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးတို့က အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော ကျေးလက်ရေရရှိရေးလုပ်ငန်း(၄)ခုနှင့် ကျေးရွာ(၁၁)ရွာတွင် ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများအား  သက်ဆိုင်ရာ ကျေးရွ ကော်မတီဝင်များထံ သက်ဆိုင်ရာတာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ကြသည်။

          ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်အား ကျင်းပပြုလုပ်ရာ မအူပင်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတိုးတိုးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မအူပင်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးမှ သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရခြင်း နှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အကောင်းဆုံး စံပြဆုရရှိခဲ့သည့် ရေကျော်ကျေးရွာနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဆောင်ရွက်ရာတွင် အကောင်းဆုံး စံပြဆုရရှိခဲ့သည့် အင်းမကွက်သစ် ကျေးရွာတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းများ အသီးသီး ပေးအပ်ချီးမြှင့်ပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့နှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဝင်များမှ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံ ရသည့် အားသာချက်၊ အားနည်းချက်၊ အကြံပြုချက်များအား အုပ်စုလိုက်ဆွေးနွေးကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးကြပါသည်။

           အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရေပေးရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည့် ကျေးရွာ(၄)ရွာ၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဆောင်ရွက်ခဲ့သည့် ကျေးရွာ(၁၁)ရွာ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း (၇၄)ယူနစ်၊ (၉၂)ရွာတို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျေးရွာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm