Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


11 Mar,2024

နေပြည်တော် မတ် ၁၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ်လ ၁၀ ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မိုင်းခတ်မြို့နယ်နှင့် မိုင်းယန်းမြို့နယ်တို့အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန် ရှိသူများသည် မိုင်းခတ်မြို့နယ်၊ တောင်သုံးကျေးရွာ၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော တောင်သူ ၁၂ ဦး၏ စိုက်ပျိုးမြေဧက ၃၀ ကိုအကျိုးပြုပေးလျက်ရှိသည့် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ကျိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်အစိုးရ အနေဖြင့် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များကို  ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်၍ ကျေးရွာတောင်သူများအနေဖြင့် ဒေသနှင့် ကိုက်ညီသော ဈေးကွက်ဝင်သော သီးနှံများကို အမှန်တကယ်စိုက်ပျိုးကြရန်နှင့် ဒေသဖွံ့ဖြိုရေးဆိုင်ရာ များကို ဆွေးနွေးမှာကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးပြီးနောက် ဆီထွက်သီးနှံနေကြာစိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး မြို့နယ်ရုံး အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ဝန်ထမ်းများနှင့်တွေ့ဆုံရာ မြို့နယ်ဦးစီးမှူးက မိုင်းခတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများ၏ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ သက်သာချောင်ချိရေး နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပြီး ခရိုင်၊ မြို့နယ် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ‌သော မိုင်းခတ်မြို့နယ် ယန်းမိုင်(လားဟူ)ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာ ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊  ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံရာ မိုင်းခတ်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ယန်းမိုင်(လားဟူ)ကျေးရွာ၌ အဓိကဏ္ဍကြီး(၆)ရပ်ဖြင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။  ရှင်းလင်းတင်ပြမှု များအပေါ် ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)ရန်ပုံငွေဖြင့် အစုအဖွဲ့စနစ်ဖြင့် ဒေသဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများကို  ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များဖြည့်စွက် ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိ‌သော မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာသို့ရောက်ရှိပြီး ကျေးရွာ ကော်မတီ ဝင်များ၊ ရပ်မိရပ်ဖများ၊  ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံရာ မိုင်းယန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက မိုင်းလွေကျေးရွာ၌ အဓိကဏ္ဍကြီး(၆)ရပ်ဖြင့်  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။  ရှင်းလင်းတင်ပြမှု များအပေါ် ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာများအနေဖြင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝိုင်းဝန်ထိန်းသိမ်းဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် မိုင်းယန်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး ခရိုင်ရုံး အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ဝန်ထမ်းများနှင့် တွေ့ဆုံရာ ခရိုင်ဦးစီးမှူးက မိုင်းယန်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းများ၏ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ သက်သာချောင်ချိရေး နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပြီး ခရိုင်၊ မြို့နယ် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် ဝန်ထမ်းများအတွက် ဆီနှင့် ကြက်ဥများထောက်ပံ့ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm