ဒေးဒရဲ မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပဆင-ဘုရားချောင်းလမ်း၌ ကျောက်ချောလမ်း ခင်းခြင်း ဆောင်ရွက်ပြီးစီးမှုကို မတ် ၉ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်လင်းနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၄၅ သန်းဖြင့် ဒေးဒရဲမြို့နယ် ပဆင-ဘုရားချောင်းလမ်း၌ ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းပြသရာ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)က လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဒေးဒရဲမြို့နယ် ပဆင-ဘုရားချောင်းလမ်းတွင် အရှည် ၅ ဒသမ ၇၁၂ ဖာလုံ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၄ လက်မရှိ ကျောက်ချောလမ်းခြင်းလုပ်ငန်းကို ဖျာပုံ ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကြီးကြပ်၍ ယမင်းဧရာကုမ္ပဏီက ၂၀၂၃ ခုနှစ်စက်တင်ဘာ ၁ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကျောက်ချောလမ်းပြီးစီးမှုကြောင့် ဒေသခံပြည်သူများ ရာသီမရွေး သွားလာအသုံးပြုနိုင်ပြီး ကျေးရွာများမှ ထွက်ရှိသော စိုက်ပျိုးရေးထုတ်ကုန်များကို မြို့ပေါ်ဈေးကွက်သို့ လျင်မြန်စွာ တင်ပို့ရောင်းချ နိုင်မည်ဖြစ်ကြောင်း ဖျာပုံခရိုင် ၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှသိရသည်။
ကျော်စောဦး(မောရှမ်းမြေ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်