ပဲခူး၊ မတ် ၉
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ပဲခူးမြို့နယ်အတွင်းရှိ ကလိ - တပ်ကလေး မြောက်စုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် အုတ်ဖို-ကျုံးရိုးကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုကို မတ် ၈ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးနှင့် တာဝန်ရှိသူများသည် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးနှင့် တာဝန်ရှိသူများသည် ကလိ-တပ်ကလေးမြောက်စုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် ကျေးလက်လမ်း အုတ်ဖို-ကျုံးရိုးကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
အဆိုပါ ပဲခူးမြို့နယ်အတွင်းရှိ ကလိ-တပ်ကလေးမြောက်စုလမ်းသည် အရှည်ပေ ဒသမ ၇၆၉ ဖာလုံ အကျယ် ၁၂ ပေ၊ အမြင့် ခုနစ်လက်မရှိပြီး ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စု(ပြင်ထိန်း) ရန်ပုံငွေဖြင့် ပဲခူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သည်။ အုတ်ဖို-ကျုံးရိုးတံတားသည် အရှည်ပေ ၁၂၀၊ အကျယ်ပေ ၂၀ ရှိပြီး ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို . ပြည်ထောင်စု {ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် အောင်နိုင်မြန်မာကုမ္ပဏီမှ ၂၀၂၃ခုနှစ် စက်တင်ဘာ ၃၀ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ပြီး တံတားချဉ်းကပ်လမ်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းနှင့် ကွန်ကရစ်တံတား တည်ဆောက်ပေးခြင်းကြောင့် ဒေသခံပြည်သူများ ရာသီမရွေးသွားလာအသုံးပြုနိုင်မည်ဖြစ်ပြီး ထုတ်ကုန်ပစ္စည်းများကိုလည်း ကုန်ကျစရိတ် သက်သာစွာ ဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
သက်ထက်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်