နမ္မတူ၊ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ္မတူမြို့နယ်ရှိ လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အသင်း သား၊ အသင်းသူများ၏ သား/သမီးများမှ ဒဿမတန်းအောင်မြင်သူများ၊ ဂုဏ်ထူးရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါအသင်းရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နမ္မတူမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် အသင်းဝန်ထမ်းများ၊ လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အသင်းသား၊ အသင်းသူများ၊ ဒဿမတန်းအောင်မြင်သူများ၊ ဂုဏ်ထူးရရှိသူများနှင့် ဆရာ၊ဆရာမများတက် ရောက်ခဲ့သည်။ ထို့နောက် အသင်း၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့ လုပ်ငန်းအစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်များ၊ အသင်းစာရင်းစစ်အစီရင်ခံစာနှင့် အမြတ်ခွဲဝေစာရင်း များကို အသီးသီး ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများထံမှ သဘာပတိက အတည်ပြု ချက် ရယူခဲ့သည်။
ဆက်လက်၍ လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်ရှိ အသင်းသား၊ အသင်းသူများ၏ သားသမီးများမှ ဒဿမတန်းအောင်မြင်သူများ၊ ဂုဏ်ထူးရရှိသူများနှင့် သင်ကြား ပေးခဲ့သောဆရာ၊ ဆရာမများအား စုစုပေါင်းငွေကျပ် ၁၉၂၀၀၀၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်