Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရုရှားနေကြာမျိုးနှင့် သဘာဝမြေဩဇာသုံး လယ်ဝေးမြို့နယ်၊ ရုံးတောကျေးရွာနေကြာစိုက်ခင်းအား ကြည့်ရှု


08 Mar,2024

နေပြည်တော် မတ် ၈

          နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကွေ့ကြီးကျေးရွာနှင့် ဝဲကြီးကျေးရွာတို့မှ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယအသင်းများအနေဖြင့် မိမိတို့ကျေးရွာများရှိ စိုက်ခင်းများတွင် ပန်းဂေါ်ဖီဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ မုန်လာဥ၊ ပြောင်းဖူးသီးနှံများကို ရာသီအလိုက် စိုက်ပျိုး လျက်ရှိပြီး အာဟာရသုခဈေးသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ရေး သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးခဲ့ပါသည်။

          အဆိုပါ သမဝါယမအသင်းများမှ အသင်းသားတောင်သူများ၏ ထွက်ကုန်သီးနှံများ ရောင်းချ နေမှုကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် အဆင်ပြေချောမွေ့မှု ရှိ/ မရှိ သွားရောက်ကြည့်ရှု အားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းရပ်ကွက်ရှိ မြို့နယ် သမဝါယမအသင်းစု၏ ဘက်စုံသုံး စိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ပြီး ရုရှားသဘာဝမြေဩဇာ အသုံးပြုစိုက်ပျိုးထားသော နွေစပါးစမ်းသပ်စိုက်ခင်း (၀.၇)ဧက စိုက်ခင်းအားလည်းကောင်း၊ ရုရှား သဘာဝမြေဩဇာ အသုံးပြု၍ ထိုင်းအစေ့ထုတ်ပြောင်းမျိုး GT-822 (၂.၉၇) ဧက စိုက်ပျိုးထားမှု အားလည်းကောင်း၊ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် ထုတ်လုပ်နေမှုအားလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး ဒုတိယဝန်ကြီးက ပြောင်းစိုက်ခင်း ရေသွင်းရမည့်ကိစ္စနှင့် အခြားလိုအပ်ချက်များ မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ ရုံးတောကျေးရွာသို့ သွားရောက်၍ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ အသင်းပိုင်မြေ (၇) ဧကတွင် ရုရှား နေကြာမျိုးများ ဖြစ်ကြသော Excellent ၊ Bravo ၊ Norma မျိုး (၄.၈၃) ဧကနှင့် ‌မြန်မာ နေကြာမျိုးများ ဖြစ်ကြသော ရေဆင်းစပ်မျိုး-၇ နှင့် ဆင်းရွှေကြာ-၂ မျိုး (၂.၁၇) ဧက စိုက်ပျိုးထား မှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နေကြာစိုက်ခင်းများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ပဉ္စအကြိမ်အဖြစ် ရုရှား သဘာဝမြေဩဇာများ ဖျန်းပက်မည်ဖြစ်ပြီး ဧပြီလ ပထမပတ်တွင် စိုက်ခင်းအားလုံး ရိတ်သိမ်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm