လယ်ဝေး မတ် ၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က လယ်ဝေးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ကူးတံတားများနှင့် ချဉ်းကပ်လမ်း မြေထိန်းနံရံတည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ရုံးပင် - အေးချမ်းသာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရုံးပင် - အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတား ပေ ၈၄၀ တည်ဆောက်ခြင်း၊ ချဉ်းကပ်လမ်း ကတ္တရာခင်းခြင်းနှင့် မြေထိန်းနံရံတည်ဆောက်ခြင်း ဆောင်ရွက်ပြီးစီးမှုများနှင့် ပေါင်းလောင်း-ကြို့ပင်သာတံတား ပေ ၆၀၀ တည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ ရေရှည်တည်တံ့ရေးနှင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
အဆိုပါ ရုံးပင် - အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတား တည်ဆောက်ပြီးစီးပါက ကျေးရွာ ငါးရွာမှ လူဦးရေ ၆၇၂၇ ဦးနှင့် ပေါင်းလောင်း - ကြို့ပင်သာ တံတားတည်ဆောက်ပြီးစီးပါက ကျေးရွာ ၁၇ ရွာမှ လူဦးရေ ၁၈၀၈၄ ဦးတို့ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်