Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့ကရိတ်မြို့နယ် သရက်တော-ဝဲလစ်-ထို့ကော်ကိုးလမ်း၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု စစ်ဆေး


08 Mar,2024

ကော့ကရိတ် မတ် ၇

           ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့နယ် သရက်တော-ဝဲလစ်-ထို့ကော်ကိုးလမ်း၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကော့ကရိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်စုစုစံနှင့် တာဝန်ရှိသူများက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃၆၂ သန်းဖြင့် ကော့ကရိတ်မြို့နယ် သရက်တော-ဝဲလစ်-ထို့ကော်ကိုး လမ်း၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းပြသရာ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စုစုစံက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

           ကော့ကရိတ်မြို့နယ် သရက်တော-ဝဲလစ်-ထို့ကော်ကိုးလမ်းတွင် လမ်းအရှည် တစ်မိုင်၊ အကျယ် ၁၂ - ပေ၊ ကျောက်အရွယ်အစားစုံ အမြင့် ၁၅ လက်မပေါ်၌ ကတ္တရာခင်းခြင်းလုပ်ငန်းကို ကော့ကရိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကြီးကြပ်၍ ဒေါနကြယ်စင်ကုမ္ပဏီက ၂၀၂၃ ခုနှစ် မေ ၁၈ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ကတ္တရာလမ်း ပြီးစီးမှုကြောင့် ဒေသခံပြည်သူများ ရာသီမရွေး သွားလာအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ကျေးရွာများမှ ထွက်ရှိသော စိုက်ပျိုးရေးထုတ်ကုန်များကို မြို့ပေါ်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm