စလင်း မတ် ၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်၊ထွက်ကုန်များ ရာသီမရွေးဈေးကွက်သို့ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လက်ပကန်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေ အနေများကို မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ စလင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင် နှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာလမ်းကော်မတီဝင်များ နှင့်အတူ လက်ပကန် ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းက ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် သက်ဆိုင်သူ အားလုံးက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စလင်းမြို့နယ်အတွင်း လက်ပကန် ကျေးရွာ၌ အရှည် ၇ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် တစ်ပေ ကိုးလက်မရှိ ကျောက်ရောမြေခင်းခြင်း လုပ်ငန်းကို ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၂၇ ဒသမ ၆ သန်းဖြင့် တော်ဝင်ထွန်းကုမ္ပဏီ က ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ စတင်၍ တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါကြောင်း နှင့် အဆိုပါ ကျေးရွာရှိ အိမ်ခြေ ၂၀၃ အိမ် ၊လူဦးရေ ၉၈၉ ဦး ၊စိုက်ဧက ၅၀၀ မှ ထွက်ရှိသော သီးနှံများ ဈေးကွက်သို့ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ပြီ ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်