Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နတ်မောက်မြို့နယ်၌ ပိတောက်ငုတ်-သမုန်းပင်ကျေးရွာချင်းဆက်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းပြီးစီးမှု ကွင်းဆင်းစစ်ဆေး


06 Mar,2024

နတ်မောက် မတ် ၅

          မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မကွေး-နတ်မောက်ကားလမ်းမကြီးမှ ပိတောက်ငုတ်-သမုန်းပင် ကျေးရွာချင်းဆက်လမ်း မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မတ် ၄ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နတ်မောက်မြို့နယ် တည်ဆောက်ရေးနှင့်အရည်အသွေးစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ၊ နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ဇင်၊ နတ်မောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ) ဒေါ်ရွှေစင်ဝင်းသူ၊ တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပိတောက်ငုတ်-သမုန်းပင်ကျေးရွာချင်းဆက်လမ်း မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်က ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့အောင် ဝိုင်းဝန်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားသည်။

          အဆိုပါ မကွေး-နတ်မောက်ကားလမ်းမကြီးမှ ပိတောက်ငုတ်-သမုန်းပင်ကျေးရွာချင်းဆက်လမ်းအရှည် နှစ်မိုင် သုံးဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ်လက်မ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ၂ဝ၂၃- ၂၀၂၄ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၈၂ ဒသမ ၄၁၅ သန်းဖြင့် တင်ဒါအောင်သည့် မိုးမခသဇင်ကုမ္ပဏီက ၂၀၂၃ ခုနှစ် ဇွန်လမှ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးဖြစ်သည်။

         အဆိုပါ ကျေးရွာချင်းလမ်း ဖောက်နိုင်မှုကြောင့် ကျေးရွာလေးရွာရှိ အိမ်ခြေ ၇၂၆ အိမ်၊ လူ ၃၃၇၁ ဦးတို့အတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေနိုင်မည်ဖြစ်ကြောင်း အငယ်တန်းအင်ဂျင်နီယာ-၃(မြို့ပြ) ဒေါ်ရွှေစင်ဝင်းသူက ပြောပြ၍ သိရသည်။

သန်းလွင်(မကွေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm