ကဝ မတ် ၅
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကဝမြို့နယ် ပိုင်ကျုံကျေးရွာ၌ ကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဆုလဲ့မွန်နှင့် တာဝန်ရှိသူများက ၂၀၂၃- ၂ဝ၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃၂၂ ဒသမ ၃၁ သန်းဖြင့် ဆောင်ရွက်သည့် ကဝမြို့နယ် ပိုင်ကျုံကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို လိုက်လံရှင်းလင်းပြသရာ လက်ထောက်ညွှန်ကြားရေးမှူးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ကဝမြို့နယ် ပိုင်ကျုံကျေးရွာအဝင်လမ်း အရှည် ၅ ဒသမ ၇ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ခုနှစ်လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ပဲခူးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထူးသက်ဝေကုမ္ပဏီက ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကြောင့် ဒေသထွက်ကုန်ပစ္စည်းများကို ကုန်ကျစရိတ်သက်သာစွာ မြို့ပေါ်စျေးကွက်သို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများ ရာသီမရွေး သွားလာအသုံးပြုနိုင်မည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဆုလဲ့မွန်က ပြောပြ၍ သိရသည်။
ကျော်ဇောဦး(မောရှမ်းမြေ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်