ငဖဲ မတ် ၆
မကွေးတိုင်းဒေသကြီး မင်းဘူး ခရိုင် မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ပန်းထိမ်း ကျေးရွာ၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာပြီး ဆင်းရဲမှု လျှော့ကျစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ၄၃၀ သိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးပြည့်စုံဟိန်း နှင့် စီမံကိန်း တာဝန်ခံ ဝန်ထမ်းများက ကျေးရွာမြစိမ်း ရောင် စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များနှင့်အတူ ပန်းထိမ်း ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေး ၊မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများနှင့် လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှု ရှိ/ မရှိ စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ပန်းထိမ်း ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်က အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း၃၀၀ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ပဉ္စမ အကြိမ်မြောက်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၆ ဦး၊ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ ၂ ဦး ၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၁ ဦး၊ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ ၁၄ ဦး စုစုပေါင်း အသင်းသား၊ အသင်းသူ ၇၃ ဦးကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ၁ ကျပ် နှုန်း ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ် ရန်ပုံငွေကျပ် ၄၃၀ သိန်း ထိ ထုတ်ချေးနိုင်ခဲ့ပြီး စီမံကိန်း လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးပြည့်စုံဟိန်း ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်