Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေနံချောင်းမြို့နယ် ဒဏ်ကုန်းဟောင်းကျေးရွာ၌ စိုက်ပျိုးရေရရှိရေး လုပ်ငန်းပြီးစီးမှု စစ်ဆေး


07 Mar,2024

ရေနံချောင်း   မတ်    ၇

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျမ်းကိုင်ကျွန်း ကျေးရွာအုပ်စု၊ ဒဏ်ကုန်းဟောင်းကျေးရွာ၌ ကုန်ကျစရိတ် သက်သာ စွာ ရာသီမရွေး စိုက်ပျိုးရေ လုံလောက်စွာ ရရှိစေရန် ရည်ရွယ်၍ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို မတ် ၆ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကုမ္ပဏီမှ တာဝန်ရှိ သူများ၊ ကျေးရွာရေရရှိရေး ကော်မတီဝင်များနှင့်အတူ ဒဏ်ကုန်းဟောင်းကျေးရွာ၌  2HP DC Surface Pump နှင့် 3.3KW ဆိုလာစနစ်တပ်ဆင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ဆောင်ရွက်ပြီးလုပ်ငန်းများကို အကျိုးရှိ စွာ အသုံးပြုရန်နှင့် ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားသည်၊၊

အဆိုပါ စိုက်ပျိုးရေရရှိရေးလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊  ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၁၂ ဒသမ ၉၆၄သန်းဖြင့် တင်ဒါအောင်မြင်သည့် AGT ကုမ္ပဏီက ယခုနှစ် ဖေဖော်ဝါရီ ၁၃ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းထံမှ သိရသည်၊၊


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm