ရန်ကုန် မတ် ၅
(၇၉) နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းဒေသကြီးငွေလုံးငွေရင်းဘဏ္ဍာရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော တိုက်ကြီးမြို့နယ် အင်းဂလား- ကညင်စမ်း-ကံသုံးဆင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါနေရာ၌ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်နှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်က အင်းဂလား-ကညင်စမ်း- ကံသုံးဆင့် ကွန်ကရစ်လမ်းသစ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကျေးရွာရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် အင်းဂလား-ကညင်စမ်း- ကံသုံးဆင့် ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ညွှန်ကြားရေးမှူး ဦးသက်ဇော်နှင့် ကျေးရွာရပ်မိရပ်ဖများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ကရစ်လမ်းဆောင်ရွက်ထားရှိမှုမှတ်တမ်းနှင့် လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
အဆိုပါ အင်းဂလား-ကညင်စမ်း-ကံသုံးဆင့်လမ်းမှာ အရှည် ၁ မိုင်း အကျယ် ၁၂ ပေ ရှိပြီး ယခင် ဂဝံလမ်းအမျိုးအစားဖြစ်ကာ ယခုအခါ ၎င်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးခြင်းကြောင့် လယ်ယာထွက် ကုန်စည်များစီးဆင်းမှုအတွက် များစွာအထောက်အကူဖြစ်စေခြင်း၊ စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်လာခြင်း၊ ကျေးရွာချင်းဆက်သွယ်သွားလာရာတွင် လိုရာခရီးသို့ လွယ်ကူလျင်မြန်ချောမွေ့စွာ သွားလာနိုင်ခြင်း စသည့်အကျိုးကျေးဇူး များစွာရရှိကြောင်းနှင့် လမ်းအား ၂ဝ၂၃ ခုနှစ် ဩဂုတ်လတွင် စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင်ပြီးစီးခဲ့ကြောင်း သိရသည်။
ဝန်းရံခ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်