ဆင်ပေါင်ဝဲ မတ် ၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆင်ပေါင်ဝဲမြို့နယ်၊ မြောင်ကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဂါလံ ၅၀၀၀ ဆံ့ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ နှင့် တာဝန်ရှိသူများသည် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ မြောင်ကြီးကျေးရွာ၌ ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းနှင့် မြေသားရေကန်မှ ရေစုကန်သို့ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၊ မြောင်ကြီးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေမှ ကျေးရွာဖွံ့ဖြိုးရေးအတွက် သုံးစွဲခွင့်ရရှိသော ငွေကျပ် တစ်ဆယ် ဒသမ ၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် သုည ဒသမ ၅၆ သန်း၊ စုစုပေါင်းငွေကျပ် ၁၁ ဒသမ သုည ၆ သန်းဖြင့် ဂါလံ ၅၀၀၀ ဆံ့ရေစုကန်တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများကို ဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များကိုယ်တိုင် ဖေဖော်ဝါရီလ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၂၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်