မကွေး မတ် ၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးမြို့နယ်၊ ရေငံကျေးရွာနေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် မြေအောက်ရေတားတမံမှ ရေထုတ်ယူသုံးစွဲနေမှုအခြေအနေကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီး၊ မကွေးမြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန် နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ရေငံကျေးရွာသောက်သုံး ရေရရှိရေးကော်မတီဝင်များနှင့်အတူ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍားရေးနှစ်တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် ၈ ဒသမ သုည ၂ သန်းဖြင့် ဆောင်ရွက်ခဲ့သော မြေအောက်ရေတားတမံမှ သောက်သုံးရေထုတ်ယူသုံးစွဲနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ခဲ့သည်။
မကွေးမြို့နယ်၊ ရေငံကျေးရွာ၌ အလျား ၄၀ ပေ အနံ ၂ ပေ အမြင့် ၅ ပေ ၆ လက်မရှိသော မြေအောက်ရေတားတမံနှင့် ၇ ပေအကျယ် အနက် ၁၂ ပေ ကွန်ကရစ် ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့်အတွက် အဆိုပါကျေးရွာရှိ အိမ်ခြေ ၁၆၆ အိမ်၊ လူ ၆၅၂ ဦး နှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသောသောက်သုံးရေလုံလောက်စွာရရှိပြီး နွေရာသီကာလများတွင် ရေရှားပါးသည့် အခက်အခဲများကို ကုစားနိုင်မည်ဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်