အင်္ဂပူ မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ ရွှေတောင်စုစံပြကျေးရွာရှိ ရွှေလဝန်းစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ ပန်းနှင့်ပန်းဂေါ်ဖီစိုက်ပျိုးသည့် အသင်းသား တောင်သူများအား တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေမှ အရင်းမပျောက်မတည်ငွေအဖြစ် အသင်းသား ၅၅ ဦးအတွက် တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ပံ့ပိုးငွေကျပ်သိန်း ၁၁၀ အား ထုတ်ပေးခဲ့သည်။
အဆိုပါအသင်းမှ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အသင်းသားတောင်သူများ၏ ပန်းနှင့် ပန်းဂေါ်ဖီစိုက်ခင်းများအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်