နတ်တလင်း မတ် ၁
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် သဲကုန်းကျေးရွာ၌ ကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာယာဝတီခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသန်းမြတ်စိုးနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၇၈ ဒသမ ၅၆ သန်းဖြင့် သဲကုန်းကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်းနှင့် အဆိုပါလမ်းပေါ်တွင်Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းပြီးစီးမှုကို လိုက်လံရှင်းလင်းပြသရာ လက်ထောက်ညွှန်ကြားရေးမှူးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
နတ်တလင်းမြို့နယ် သဲကုန်းကျေးရွာအဝင် လမ်းအရှည် ၄ ဒသမ ၅ ဖာလုံ၊ အကျယ် ၁၄ ပေ၊ အမြင့် ခုနစ် လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် အကျယ် ၂၄ ပေ၊ အရှည် ငါး ပေရှိ Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို နတ်တလင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် Big Bigger Biggest ကုမ္ပဏီက ၂၀၂၃ ခုနှစ် ဇွန်၂၆ ရက်မှစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းပြီးစီးမှုကြောင့် ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာအသုံးပြုနိုင်ပြီး ကျေးရွာမှထွက်ရှိသော စိုက်ပျိုးရေးထုတ်ကုန်များကို မြို့ပေါ်ဈေးကွက်သို့ လျင်မြန်စွာ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇောဦး(မောရှမ်းမြေ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်