မန္တလေး မတ် ၄
သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မန္တလေး)မှ ဖွင့်လှစ် သည့် ပထမအကြိမ် အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းစစ်ဆေးခြင်း(အမှုထမ်း)သင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ် ၁ ရက်နေ့က တိုင်းဒေသကြီးသမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပ သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မန္တလေး)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ယခုသင်တန်းအား Video Conferencing စနစ်ဖြင့် သင်ကြားသွားမည်ဖြစ်သည့်အတွက် သင်တန်း၌ ပို့ချချက်များကို အလေးထားသင်ယူကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို တိုင်းဒေသကြီးသမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ မတ် ၁ ရက် မှ မတ် ၁၄ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သမဝါယမဦးစီးဌာနအဆင့်ဆင့်တို့မှ အမှုထမ်းဝန်ထမ်း ၄၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်