ရန်ကုန် မတ် ၂
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် မတ် ၁ ရက်က တွံတေးမြို့နယ် ရွှေမုယင်းဒေသသို့ ဆက်သွယ်သည့် မမျိုးစု- ကင်းရွာ - ခရမ်းကြီး - ခရမ်းဝ- ရေတွင်းကုန်း - ကွင်းပေါက်ဒေသ၏ ရွှေမုယင်းငါးကန် ကုန်ထုတ်လမ်းဖောက်လုပ်နေသည့် လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး ကျေးလက်လမ်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကွင်းပေါက်ရွာထိပ်မှ ချောင်းစပ်အထိ အရှည်ပေ ၂၄၀၀၊ အကျယ် ၁၉ ပေ၊ ထု ခြောက်လက်မ၊ မြေသားလမ်း ခင်းကျင်းပြီးစီးမှုလုပ်ငန်းခွင်ကို လည်းကောင်း၊ ရွှေမုယင်းချောင်းစပ်နှင့် ကွင်းပေါက်ကျေးရွာ ချောင်းစပ်ဆုံရာတွင် အရှည်ပေ ၃၀၀၊ အကျယ်ပေ ၁၀၀၊ ထု ခုနစ် လက်မရှိ ကားရပ်နားကွင်းအား ကွန်ကရစ်ခင်းတည်ဆောက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူး ဦးသက်ဇော်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ကဏ္ဍအလိုက်ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကွင်းပေါက်ကျေးရွာထိပ်တွင် သောက်ရေကန်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
အဆိုပါ ကုန်ထုတ်လမ်းတစ်ခုလုံး ခင်းကျင်းပြီးစီးပါက တွံတေးမြို့နယ် ရွှေမုယင်းဒေသအတွင်းရှိ လယ်ယာစိုက်ပျိုးရေး၊ ဆန်စပါးနှင့် ငါးမွေးမြူရေးလုပ်ငန်းများအပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊လူမှုရေးများ ပိုမိုတိုးတက် ကောင်းမွန်ဖွံ့ဖြိုးလာနိုင်မည်ဖြစ် ကြောင်းသိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်