Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပန်းတနော်မြို့နယ် ဆုတောင်းပြည့်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းပြီးစီးမှု စစ်ဆေး


04 Mar,2024

ပန်းတနော် မတ် ၂

           ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ဆုတောင်းပြည့်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်း ပြီးစီးမှုကို မတ် ၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမင်းသိန်းနှင့် တာဝန်ရှိသူများက ၂၀၂၃- ၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၃၄ ဒသမ ၇၃ သန်းဖြင့် ပန်းတနော်မြို့နယ် ဆုတောင်းပြည့်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို လိုက်လံရှင်းလင်းပြသရာ ညွှန်ကြားရေးမှူး(မြို့ပြ) က လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

           ပန်းတနော်မြို့နယ် ဆုတောင်းပြည့်ကျေးရွာ၌ ဆုတောင်းပြည့်-အိမ်မဲကားလမ်းသို့ ဆက်သွယ်သော လမ်းအရှည် လေးဖာလုံ၊ အကျယ် ၁၄ ပေ၊ အမြင့် ခုနစ်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းကို ပဉ္စညီနောင်ကုမ္ပဏီက ၂၀၂၃ ခုနှစ် ဩဂုတ် ၃၀ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

            အဆိုပါ ကွန်ကရစ်လမ်းပြီးစီးမှုကြောင့် ကျေးရွာမှထွက်ရှိသော ဒေသထွက်ကုန်ပစ္စည်းများကို ကုန်ကျစရိတ် သက်သာစွာ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ပြီဖြစ်ကြောင်း ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇောဦး(မောရှမ်းမြေ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm