တွံတေး မတ် J
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် တွံတေးမြို့နယ် ဗျောက်ရိုး-ဆိပ်တိုလမ်း ဂဝံလမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက အဆိုပါလမ်းထိပ်မုခ်ဦးတွင် ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်က တွံတေးမြို့နယ် ဗျောက်ရိုး-ဆိပ်တိုလမ်း ဂဝံခင်းခြင်းလုပ်ငန်းစီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျေးရွာရပ်မိရပ်ဖတစ်ဦးက ဗျောက်ရိုး-ဆိပ်တိုလမ်းကို ဂဝံလမ်းခင်းပေးခြင်းအတွက် တာဝန်ရှိသူများကို ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဂဝံလမ်းသစ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အဆိုပါလမ်း တစ်လျှောက်လှည့်လည်ကြည့်ရှုစစ်ဆေး ကြသည်။
အဆိုပါ ဗျောက်ရိုး-ဆိပ်တိုလမ်းဂဝံခင်းခြင်းသည် လမ်းအရှည်ပေ ၄၆၂၀၊ အကျယ် ၁၈ပေ၊ ဒု ရှစ်လက်မရှိပြီး ကျေးရွာသုံးရွာမှ ဒေသခံပြည်သူများအတွက် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည့် လမ်းတစ်လမ်းဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ဇောဦး(မောရှမ်းမြေ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်