အထက်မင်းလှ မတ် ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက်က သမဝါယမအသင်းစုရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးမင်းဇော်နိုင်က သမဝါယမအသင်းများအနေဖြင့် နွေ၊ မိုး၊ ဆောင်းရာသီ သီးနှံအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပံ့ပိုးသည့် သွင်းအားစုများရယူနိုင်ကြောင်း ဆွေးနွေးပြောကြား ခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်လုပ်ငန်းရှင်းတမ်းများကို တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြီး သမဝါယမ အသင်းစု၏ ဆက်လက်ဆောင်ရွက်မည့်ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုဆွေးနွေးဆုံးဖြတ်ခဲ့ကြ သည်။
အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ အခြေခံသမဝါယမအသင်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်