ရေနံချောင်း မတ် ၁
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်များ၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက်က မြို့နယ်သမဝါယမအသင်းစုရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသိန်းထိုက်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးမင်းဇော်နိုင်က သမဝါယမအသင်းများအနေဖြင့် ရာသီအလိုက် သီးနှံများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပံ့ပိုးသည့်သွင်းအားစုများကို ရယူနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးနိုင်ဝင်းက သမဝါယမအသင်း လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်တာဝန်ရှိသူများက မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၏ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်နေ့အထိ (၆)လနှစ်ချုပ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်နေ့အထိ (၁၂)လနှစ်ချုပ် စုစုပေါင်း (၁၈)လစာအတွက် ဘဏ္ဍာရေးရှင်းတမ်းများ၊ စာရင်းစစ်ဆေးချက်များနှင့် ရှေ့လုပ်ငန်းစဉ်အစီရင်ခံစာများကို ဖတ်ကြားအတည်ပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးမင်းဇော်နိုင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်