Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်သာမြို့နယ် ရုံးတောကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဆဌမအကြိမ် ထုတ်ချေး


04 Mar,2024

တောင်သာ၊ မတ် ၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈-၂၀၂၉ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ရုံးတောကျေးရွာ၌  ဆဌမအကြိမ်မြောက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းအား မတ်လ ၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဘုန်း‌တော်ကြီး‌ကျောင်း၌ ကျင်းပခဲ့သည်။
ထိုသို့ ချေးငွေများထုတ်ချေးပေးရာတွင် တောင်သာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန်၊ မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့်ကျေးလက်လူ‌ေနမှုအဆင့်အတန်းကွာဟမှုကို လျှော့ချနိုင်စေရန်ရည်ရွယ်၍ ရန်ပုံငွေများကို ထုတ်ပေးခြင်းဖြစ်ကြောင်း၊ အသင်းသားများအနေဖြင့် စီမံကိန်းလက်စွဲစာစောင်ပါညွှန်ကြားချက်များနှင့်အညီ ချေးငွေရယူသည့်လုပ်ငန်းများအား အမှန်တကယ်အ‌ေကာင်အထည်ဖော်ဆောင်‌ရွက်ကြရန်၊ ရန်ပုံငွေလေလွင့်မှုမရှိစေရေး၊ ကျေးလက်ဥပဒေပါ ပြဌာန်းချက်များနှင့် ကျေးရွာစိတ်ဓါတ်အကြောင်းကို ရှင်းလင်းပြောကြားပြီး ချေးငွေများထုတ်ချေးခြင်းအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ တောင်သာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပပဝင်းခိုင်က ရုံးတောကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေ ကျပ် ၃၈ ဒသမ ၄၅ သန်းအား လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြို့နယ်မြစိမ်းရောင်စီမံကိန်းတာဝန်ခံက ကျေးရွာမြစိမ်းရောင်ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ရုံးတောကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား ၉၃ ဦးအတွက် ချေးငွေကျပ်  ၂၁ ဒသမ ၉ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား ၆၈ ဦးအတွက် ချေးငွေကျပ် ၁၄ ဒသမ ၆ သန်း၊ အ‌‌ရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၈ ဦးအတွက် ချေးငွေ ကျပ် ၁ ဒသမ ၉၅ သန်း၊ စုစုပေါင်းအသင်းသား ၁၆၉ ဦးတို့အတွက် ချေးငွေကျပ် ၃၈ ဒသမ ၄၅သန်းအား အသင်းသားတစ်ဦးချင်းလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း တောင်သာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံက သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm