ဘားအံ ဖေဖော်ဝါရီ ၂၈
၂၀၂၄ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်မည့် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒိုင်းပြကုန်း-ပန်းတိမ်ကုန်း-သဒိခိုလမ်း ကတ္တရာထပ်ပိုးလွှာ လမ်းသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပခဲ့သည်။
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားကာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစောကျော်ဝင်းက လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များပေးအပ်ခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် ဒိုင်းပြကုန်း-ပန်းတိမ်ကုန်း-သဒိခိုလမ်းသည် စုစုပေါင်းလမ်းအရှည် ငါးမိုင် ရှိသည့်အနက် တစ်မိုင် လေးဖာလုံအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် ၂၄၄ ဒသမ ၅၉၇ သန်းဖြင့် ထမုအောင်ကုမ္ပဏီမှ ၁၂ ပေအကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ကျေးရွာ ၁၃ ရွာ၊ အိမ်ခြေ ၁၉၄၁ အိမ်နှင့် လူဦးရေ ၁၂၇၂၆ ဦးတို့အား အကျိုးပြုစေမည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါလမ်းအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲသို့ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကာ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ အဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်