ဘားအံ ဖေဖော်ဝါရီ ၂၉
ကရင်ပြည်နယ် ဘားအံမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းဝေးကို ပြည်နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့်အမှုဆောင်အဖွဲ့များ၊ မြို့နယ်သမဝါယမဦးစီးအရာရှိများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ အသင်းဝင်ကိုယ်စားလှယ်(၅၀)ဦး တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌက အသင်း၏လုပ်ငန်း ဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လမ်းညွှန် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့ ၏ လုပ်ငန်းအစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် အသင်းစာရင်းစစ်အစီရင်ခံစာများကို တာဝန်ရှိသူများက အသီးသီးဖတ်ကြားရှင်းလင်းပြီး တက်ရောက်လာသူများထံမှ အတည်ပြုချက်ရယူ ခဲ့ပြီးနောက် သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်