Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တီးတိန်မြို့နယ် ထာလ်မွာလ်ကျေးရွာ၌ ဘက်စုံသုံးခန်းမဆောင်ဆောက်လုပ်ပြီးစီးမှု စစ်ဆေး


01 Mar,2024

တီးတိန် မတ် ၁
ချင်းပြည်နယ် တီးတိန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထာလ်မွာလ်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ပံ့ပိုးရန်ပုံငွေဖြင့် ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တီးတိန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လွင်ငိုက်လွန်နှင့် တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့်အတူ ထာလ်မွာလ်ကျေးရွာ၌ အလျား ၄၈ ပေ၊ အနံ ၂၄ ပေနှင့်အမြင့် ၁၂ ပေရှိ ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ထားမှုရှိ၊ မရှိ ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းနှင့်စပ်လျဥ်း၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ပံ့ပိုးရန်ပုံငွေကျပ် ၁၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် တစ်ဒသမငါးသန်း၊ စုစုပေါင်းငွေကျပ် ၁၆ ဒသမငါးသန်းအသုံးပြု၍ တီးတိန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ထာလ်မွာလ်ကျေးရွာနေ ပြည်သူများအတွက် သာရေး၊ နာရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ၊ အစည်းအဝေး အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင် များစွာအထောက်အကူပြုလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်လွင်ငိုက်လွန်က ပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm