နေပြည်တော် ဖေဖော်ဝါရီ ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)၏ (၁/၂၀၂၄)ကြိမ်မြောက် ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို (၂၉-၂-၂၀၂၄)ရက်နေ့၊ နေ့လည်(၂:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) စားရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ညွှန်ကြားရေးမှူး(စီမံ)မှ (၃-၂၀၂၃)ဆန္ဒဖော်ထုတ်ပွဲတင်ပြချက်များ နှင့် ပတ်သက်ပြီး ဆောင်ရွက်ပြီးစီးမှုများအား ဖတ်ကြားတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သက်ဆိုင်ရာဌာနများက ဌာနအကျိုးအလိုငှာ ဆန္ဒများဖော်ထုတ်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်