Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်း‌ခတ်မြို့နယ်၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး


28 Feb,2024

မိုင်းခတ်  ဖေဖော်ဝါရီလ  ၂၈ ရက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်ခရိုင်၊ မိုင်း‌ခတ်မြို့နယ်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၃-၂၀၂၄ ‌ခုဘဏ္ဍာရေးနှစ် တွင် ကျေးလက်နေ ပြည်သူများလမ်းပန်း ဆက်သွယ်ရေး အဆင်ပြေလွယ်ကူပြီး ရာသီမရွေးသွားလာ နိုင်ရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု  အခြေအနေများကို ယနေ့ နံနက်ပိုင်းက ပြည်နယ်ဦးစီးမှူး နှင့်  တာဝန်ရှိသူများမှ ဝမ်ခုတ် ကျေးရွာအုပ်စု၊ ကျိုင်းပင်း ကျေးရွာ၌   ကွင်းဆင်းစစ်ဆေးသည်။

‌ထိုသို့စစ်ဆေးရာတွင်  ရှမ်းပြည်နယ် (အရှေ့ပိုင်း)  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင့်ဝေ၊ မိုင်းခတ် ခရိုင် ဦးစီးမှူး၊မြို့နယ်ဦးစီးမှူး နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီဝင်များ နှင့်အတူ ကျိုင်းပင်း ကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း   ဆောင်ရွက်နေမှု  အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဦးစီးမှူး က ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာပြီး ကျေးရွာတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ကျိုင်းပင်း ကျေးရွာရှိ   အဆိုပါ ကွန်ကရစ်လမ်းသည်   အရှည် ၃၈၀ ပေ ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မ ရှိပြီး  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ်  (၁၀၀)သိန်း၊ ပြည်သူထည့်ဝင်‌ငွေကျပ်(၂၅)သိန်း၊ စုစုပေါင်းရန်ပုံငွေကျပ်(၁၂၅)သိန်းကို အသုံးပြုကာ ခရိုင်/ မြို့နယ် ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ယခုနှစ် ဖေဖော်ဝါရီလ ဒုတိယအပတ်မှ စတင်အကောင် အထည်ဖော်  ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ အားလုံး၏ ၇၀ ရာခိုင်နူန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ပြည်နယ်ဦးစီးမှူး ဦးတင့်ဝေထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm