Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြောင်းမြမြို့နယ် မြစံပယ်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းသို့ စိုက်ပျိုးရေးသွင်းအားစုအရင်းမပျောက်မတည်ငွေများ ထုတ်ပေး"


28 Feb,2024

မြောင်းမြ ဖေဖော်ဝါရီ ၂၈

            ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မဒေါ့ပင်စံပြကျေးရွာရှိ မြစံပယ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား ၄၂ ဦး၏ နွေစပါး ၄၅၃ ဧကအတွက် သွင်းအားစုများအား တစ်ဧကလျှင် ငွေကျပ် ၈၃၀၀၀ နှုန်းဖြင့် ငွေကျပ်သိန်း ၃၇၅.၉၉ အား တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေမှ စိုက်ပျိုးရေးသွင်းအားစု အရင်းမပျောက်မတည်ငွေအဖြစ် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

            အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အသင်းသားများတက်ရောက်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်က အမှာစကား ပြောကြား၍ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

                           

 

သမဝါယမဦးစီးဌာန


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်