ဟင်္သာတ ဖေဖော်ဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ ရရှိစေရန် ရည်ရွယ်၍ ဂျိုးဂေါင်း ကျေးရွာ၌ တွင်းနက်တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း နှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာ ရေရရှိရေး ကော်မတီဝင်များ နှင့်အတူ တွင်းနက်တူးဖော်ခြင်း၊ ဂါလံ ၂၀၀၀ ဆံ့ ရေလှောင်ကန် တည်ဆောက်ခြင်းလုပ်ငန်းနှင့် စပ်ဆက်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများ ကို ကွင်းဆင်းစစ်ဆေးပြီး ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် သက်ဆိုင်သူ အားလုံးက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ဟင်္သာတမြို့နယ် ဂျိုးဂေါင်း ကျေးရွာ၌ အနက် ၄၀၀ ပေ၊ အကျယ် ၄ ဒသမ ၅ လက်မရှိ တွင်းနက်တူးဖော်ခြင်း၊ ဂါလံ ၂၀၀၀ ဆံ့ ရေလှောင်ကန်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်းနှင့် အလျား ၃၀ ပေ ၊အနံ ၃၀ ပေ ၊အမြင့် ၅ ပေ ရှိ ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် ၁၇၀ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အင်ဂျင်နီယာ ဝန်ထမ်းများက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့က စတင်၍ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း နှင့် ဂျိုးဂေါင်းကျေးရွာရှိ အိမ်ခြေ ၅၀ အိမ်နှင့် လူဦးရေ ၁၃၅ ဦး တို့အတွက် သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာ ရရှိနေပြီ ဖြစ်ကြောင်းဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်