တောင်သာ ၊ဖေဖော်ဝါရီ ၂၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးနှင့် ပူပြင်းခြောက် သွေ့သောနွေရာသီ၌ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ရေရရှိရေးလုပ်ငန်းများ ရာနူန်းပြည့်ဆောင်ရွက်ပြီးစီးသဖြင့် ရေရရှိရေးစနစ်များအခြေပြုထိန်းသိမ်းနည်းသင်တန်းပေးခြင်းနှင့်လုပ်ငန်း လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြင်းခြံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းက အဖွင့်အမှာစကားပြောကြားကာ တောင်သာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက သင်တန်း
နှင့် အခမ်းအနားဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ကြည်အိုင်ကန်တောတိုက်နှင့် ဗျိုင်းအင်းကျေးရွာတို့မှ ရေပေးဝေရေးကော်မတီဝင်များထံ လုပ်ငန်းလွှဲပြောင်းပေးအပ်မှုမှတ်တမ်းလွှာများကို လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းနှင့် လုပ်ငန်းလွှဲဘပြောင်းအပ်ခြင်းအခမ်းအနားသို့ ကြည်အိုင်ကန်တောတိုက်နှင့် ဗျိုင်းအင်းကျေးရွာတို့မှ ကော်မတီဝင်စုစုပေါင်း ၁၄ ဦး၊ ဖိတ်ကြားထားသော မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးလက်ဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာန ဦးစီးအရာရှိ(နည်းပညာ)၊ ဒေါ်ခင်မာပိုက စက်ရေတွင်းထိန်းသိမ်းခြင်းဆိုင်ရာများ၊ ရေဖိုးရေခကောက်ခံခြင်း၊ စာရင်းပြုစုထိန်းသိမ်းခြင်းဆိုင်ရာများကို သင်တန်းကာလ တစ်ရက်တာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း တောင်သာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံက သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်