Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ပန်းတောင်းမြို့နယ် ရေထွက်ကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားများ၏ ဝက်မွေးမြူရေးလုပ်ငန်းအခြေအနေအား ကွင်းဆင်းစစ်ဆေး


28 Feb,2024

ကျောက်ပန်းတောင်း  ဖေဖော်ဝါရီ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လယ်ယားတောင်ကျေးရွာအုပ်စု ရေထွက်ကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားများ၏ ဝက်မွေးမြူရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ဖေဖော်ဝါရီ  ၂၇ ရက်က သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာခြည်အေးမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ရေထွက်ကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းသား များ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေ ကျပ် ၂၀ သန်း ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး အဆိုပါထောက်ပံ့ရန်ပုံငွေဖြင့် အသင်းသား ၂၇ ဦးမှ အသားတိုး ဝက်အကောင်ရေ ၁၀၀ မွေးမြူခဲ့ခြင်းဖြစ်ကြောင်းသိရပြီး အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေ များအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်