Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါင်မြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆီထွက်သီးနှံ (မြေပဲ၊နေကြာ)စီမံကိန်း စိုက်ပျိုးခြင်းအတွက် သွင်းအားစုပေးအပ်ခြင်း အခမ်းအနားပြုလုပ်


28 Feb,2024

ပေါင် ဖေဖော်ဝါရီ ၂၈

          မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆီထွက် သီးနှံ(မြေပဲ၊ နေကြာ)စီမံကိန်း စိုက်ပျိုးခြင်းအတွက် သွင်းအားစုပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၇ ရက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ် ဩစိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာလှိုင်က နိုင်ငံစီးပွားမြှင်တင် ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ (မြေပဲ၊နေကြာ) စီမံကိန်းစိုက်ပျိုးထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် သွင်းအားစုများကို မြေပဲနှင့်‌ နေကြာစိုက်တောင်သူများကို ပေးအပ်ခဲ့သည့်အတွက် ရာနှုန်းပြည့်မီအောင် စိုက်ပျိုးကြဖို့လိုအပ်ပါကြောင်း အမှာစကားပြော ကြားသည်။

ဆက်လက်၍ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သိန်းသိန်းအေးက  ဌာနအနေ ဖြင့် မိုးစပါးစိုက်ပျိုးရေးအတွက် ကျုံဟော်ကျေးရွာ ထွန်းသစ်ရွှေဝါစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းလီမိတက်တွင် အသင်းသား ( ၁၁ )ဦး၏လယ်ဧက ( ၁၃၀ ) အတွက် သွင်းအားစုဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့သွင်းအားစုဆောင်ရွက်ရာတွင် မြေပဲစိုက်တောင်သူ မှော်ဘီကျေးရွာ ဧက (၅၀) နှင့် မုတ္တမ-ကျွဲခြံကျေးရွာ ဧက( ၅၀) တောင်သူများအား တစ်ဧကလျှင် ငွေကျပ်(၃)သိန်း နှုန်းဖြင့်ညီမျှသောသွင်းအားစုများအားလည်းကောင်း၊ နေကြာသီးနှံတစ်ဧက လျှင်(၂)သိန်းကျပ်နှုန်းဖြင့် ညီမျှသောသွင်းအားစုများအား သပြေကုန်းကျေးရွာ(၈၆)ဧက၊ သဲကုန်း ကျေးရွာ(၁၀၀)ဧက၊ ထန်းပင်ချောင်းလေးကျေးရွာ (၈၀)ဧက၊ အလှပ်ကျေးရွာ ဧက(၂၀)၊ စုစုပေါင်း ငွေကျပ် သိန်း ( ၈၇၂ ) သိန်းနှင့်ညီမျှသော သွင်းအားစုများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်သတင်းဌာနခွဲ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm