ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် လပွတ္တာ- မြောင်းမြကားလမ်းမှ ပိန္နဲတောင်ကျေးရွာသို့ ဆက်သွယ်ထားသောလမ်းကို ကွန်ကရစ်ခင်းခြင်းနှင့် ဉာဏ်ကွင်း(ကံရွာ)သို့ ဆက်သွယ်သောလမ်းကို ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် တာဝန်ရှိသူများက ၂၀၂၃- ၂ဝ၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၁ဝ၅ ဒသမ ၇၇၈ သန်းဖြင့် လပွတ္တာ-မြောင်းမြကားလမ်းမှ ပိန္နဲတောင်ကျေးရွာသို့ ဆက်သွယ်သောလမ်းကို ကွန်ကရစ်ခင်းခြင်း၊ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၂၃ ဒသမ ၀၇၆ သန်းဖြင့် လပွတ္တာ-မြောင်းမြကားလမ်းမှ ဉာဏ်ကွင်း(ကံရွာ)သို့ ဆက်သွယ်သောလမ်းကို ကျောက်ချောလမ်းခင်းခြင်းတို့ကို စစ်ဆေးကြသည်။
လပွတ္တာ-မြောင်းမြကားလမ်းမှ ပိန္နဲတောင်ကျေးရွာသို့ ဆက်သွယ်သောလမ်းကို ကွန်ကရစ်ခင်းခြင်း လမ်းအရှည် ၁ ဒသမ ၇၄ ဖာလုံ၊ အကျယ် ၁၄ ပေ၊ ထု ၇ လက်မကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် လည်းကောင်း၊ လပွတ္တာ-မြောင်းမြကားလမ်းမှ ဉာဏ်ကွင်း(ကံရွာ)သို့ ကျောက်ချောလမ်းခင်းခြင်း လမ်းအရှည် ၄ ဒသမ ၁၁ ဖာလုံ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်တွင်လည်းကောင်း လပွတ္တာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျော်စောဦး(မောရှမ်းမြေ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်