ဘားအံ ဖေဖော်ဝါရီ ၂၆
ကရင်ပြည်နယ်သမဝါယမဦးစီးဌာန၊ ဘားအံမြို့နယ်ရှိ သမဝါယမဦးစီးဌာနဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လကာလနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ အသစ်ရွေးချယ်တင်မြှောက်ပွဲကို ပြည်နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၊ ဘားအံမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ပြည်နယ်နှင့်မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ အသင်းအမှုဆောင် ဒါရိုက်တာအဖွဲ့များ၊ အသင်းသား/သူများ တက်ရောက်ခဲ့ကြသည်။ အစည်း အဝေးတွင် ဘဏ္ဍာရေးနှစ်ချုပ်အစီရင်ခံစာနှင့် စာရင်းစစ်အဖွဲ့အစီရင်ခံစာအား ဖတ်ကြားရှင်းလင်း အတည်ပြုခြင်း၊ အမှုဆောင်အဖွဲ့အသစ်အား ပြန်လည်ရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အသင်းသား/သူများသို့ အစုပေါ်အမြတ်နှင့် စုဆောင်းငွေပေါ်အတိုး စုစုပေါင်းငွေကျပ်သိန်း ၁၂.၂၆၅ အား ထုတ်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်