ပွင့်ဖြူ ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀ - ၂၀၂၁ ၊ ၂၀၂၁ - ၂၀၂၂ ၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၅ ရက်က အဆိုပါ မြို့နယ်သမဝါယမအသင်းစုရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်အုန်းက အဖွင့်အမှာစကားများ ပြောကြားပြီး မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းဇော်နိုင်က လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လမ်းညွှန်အမှာ စကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀ - ၂၀၂၁ ၊ ၂၀၂၁ - ၂၀၂၂ ၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေး နှစ်များအတွက် အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့ အစီရင်ခံစာများနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားအတည်ပြုရယူခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန် ရှိသူများက အသင်းဝင်များအား ဘဏ္ဍာရေးနှစ်အလိုက် အစုအပေါ်အမြတ်ငွေများကို ထုတ်ပေး ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်