မြို့သစ် ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဖေဖော်ဝါရီ ၂၂ ရက်က မြို့နယ် သမဝါယမဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး၊ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ ကိုယ်စားလှယ်များ၊ မြို့နယ် သမဝါယမအသင်းစုမှ အမှုဆောင်အဖွဲ့များ၊ အခြေခံသမဝါယမအသင်းများမှ ကိုယ်စားလှယ်များ နှင့် မြို့နယ်သမဝါယမဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နိုင်က သမဝါယမအသင်းများအနေဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီသီးနှံအလိုက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့်ပံ့ပိုးသည့် သွင်းအားစုများ ရယူနိုင်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေများရယူပြီး နိုင်ငံတော်စီမံချက်တွင် ပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့သစ်မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက လုပ်ငန်းဆိုင်ရာများကို လည်းကောင်း၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်အမှုဆောင်အဖွဲ့အတွင်းရေးမှူးက လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ စာရင်းစစ်အဖွဲ့ခေါင်းဆောင်မှ မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများကို လည်းကောင်း ဖတ်ကြားပြီး မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နှစ်ချုပ်စာရင်းစစ်ဆေးချက်အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များအား အတည်ပြုဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်